ယခုကာလရဲ့ စီးပွါးရေးလည်ပတ်နေရတဲ့အနေအထားမှာဆိုရင် ကုမ္ပဏီတွေဟာ အရည်အချင်းရှိတဲ့ဝန်ထမ်းတွေကိုပိုပြီးလိုအပ်နေကြပါတယ်။အရင်းအမြစ်အနည်းဆုံးကို အသုံးပြုပြီး အမြင့်မားဆုံးရလာဒ်ကိုရရှိဖို့ အစွမ်းကုန် အလုပ်လုပ်ကြရတာဟာ စီးပွါးရေးလုပ်ငန်းအများစုရဲ့လုပ်နည်းလုပ်ဟန်တစ်ခု ဖြစ်လို့လာပါတယ်။ တစ်ခါမှ မကြုံဖူးတဲ့ ကန့်သတ်ချက်တွေကြားထဲမှာ ဝန်ထမ်းတွေနဲ့ လုပ်ငန်းရှင်တွေဟာ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့အတွက် နည်းလမ်းပေါင်းစုံသုံးပြီး ခက်ခက်ခဲခဲလုပ်ကြရပါတယ်။ လုပ်ငန်းရှင်အများစုနဲ့ ဦးဆောင်နေကြသူ အများစုဟာ ကျွန်မတို့အားလုံးကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို သူတို့ အကျွမ်းတဝင်ရှိတဲ့လုပ်ထုံးလုပ်နည်းများနဲ့ဖြေရှင်းလေ့ရှိကြပါတယ်။ ကပ်ကာလမှာ ကြုံတွေရတဲ့ စိန်ခေါ်မှုတွေဟာ ကျွန်မတို့အားလုံး မကြုံဖူးကြသလို အခြေအနေတွေဟာ ကြိုတင်ခန့်မှန်းလို့မရနိုင်တဲ့အပြင် ရှုပ်ထွေးလှပါတယ်။ သမာရိုးကျ ပြသနာဖြေရှင်းနည်းတွေဟာ ထိရောက်မှုမရှိတော့ပါဘူး။ HRဦးဆောင်သူများအနေနဲ့ New Normal မှာ အလိုက်သင့်ပြောင်းလဲလာနိုင်ဖို့အတွက် တစ်ကယ့်ကိုထိရောက်ပြီး Creative ဖြစ်တဲ့ HR practice တွေနဲ့ နည်းဗျူဟာတွေကို လေ့လာကျင့်သုံးဖို့လိုအပ်ပါတယ်။
ဒါကြောင့် အခုလို မရေရာတဲ့ အချိန်ကာလမှာ HRစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ Overcoming HR Challenges in Uncertain Time” ဆိုတဲ့ Webinarကိုကျွန်မတို့ အခမဲ့ ပြုလုပ်သွားမှာဖြစ်ပါတယ်။
- ကျွန်မတို့ရဲ့ Webinarမှာ 2021ကာလအတွင်းကျွန်မတို့ ဖြေရှင်းခဲ့ရတဲ့ HRစိန်ခေါ်မှုများနဲ့ ကျင့်သုံးခဲ့တဲ့ HR practice တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ 2022အတွက် ပြင်ဆင်ထားရမယ် HR ကဏ္ဍတွေကိုလည်း HRရဲ့ Function အလိုက်ရှင်းပြပေးမှာဖြစ်ပါတယ်။
- ဒီWebinarကို ဘယ်သူတွေတက်ရောက်သင့်လဲဆိုရင် အသေးစား အလတ်စားလုပ်ငန်းရှင်များ၊ ကိုယ်ကHRတော့မဟုတ်ဘူး ဒါပေမယ့် လက်ရှိမှာတော့ ကုမ္ပဏီရဲ့ HRပိုင်းဆိုင်ရာကို တာဝန်ယူထားပေးရတဲ့ မန်နေဂျာများ၊ စီမံအုပ်ချုပ်သူများနဲ့ လမ်းညွှန်မှုလိုအပ်နေသော HRဝန်ထမ်းများ တက်ရောက်သင့်ပါတယ်။
- ကျွန်မတို့ရဲ့ Webinar ကနေရရှိမယ့် အကျိုးကျေးဇူးတွေကတော့ လက်ရှိကာလမှာ HRဌာနအတွက်မရှိမဖြစ်တဲ့ မူဝါဒများ၊ ဖိအားတွေနဲ့ အလုပ်အလုပ်နေကြရတဲ့အချိန်မှာ ဝန်ထမ်းရဲ့ လုပ်ဆောင်မှုစွမ်းရည်ကို စောင့်ကြည့်ပုံ၊ မြှင့်တင်ပုံ၊ အလုပ်ချိန်အမျိုးမျိုး၊ များပြားလှတ်ဲ့ အလုပ်ရှာနေကြတဲ့ Professional တွေကြားထဲမှာ ကိုယ့်ကုမ္ပဏီနဲ့ကိုက်ညီမယ့်လူကို ဘယ်လိုရွေးချယ်မလဲ၊ ရှာရခတ်တဲ့ position တွေအတွက် သင့်တော်တဲ့လူကို ဘယ်လိုရှာရမလဲ၊ လစညှိနှိုင်းပုံများနှင့် ၂၀၂၂အတွက် ပြင်ဆင်မှုများကို ရရှိမှာဖြစ်ပါတယ်။