HRရဲ့ အခန်းကဏ္ဍများဟာ လုပ်ငန်းအဖွဲ့အစည်းရဲ့
ဗဟိုချက်ဖြစ်လို့လာပါပြီ။
လုပ်ငန်းရှင်တွေ အနေနဲ့ သူတို့ရဲ့ လုပ်ငန်းအတွက် ကြီးမားသောဆုံးဖြတ်ချက်များချရန် အတွက် လုပ်ငန်းရဲ့ အဓိကကျသော အခြေခံလိုအပ်ချက်တွေကို အကျိုးသက်ရောက်မှုရှိစေမယ့် HR နည်းဗျူဟာတွေရေးဆွဲ အကောင်အထည်ဖော်နိုင်မယ့် HR Leader များကို လိုအပ်လာကြပါတယ်။ လက်ရှိခေတ်ကာလ HR နယ်ပယ်ထဲမှာ အောင်မြင်ဖို့အတွက် ကျွန်မတို့ရဲ့ အတတ်ပညာကျွမ်းကျင်မှုတွေကို စဉ်ဆက်မပျက် လေ့လာဆည်းပူးရင်း ထိုကျွမ်းကျင်မှုတွေကိုပျိုးထောင်းနေဖို့ လိုအပ်ပါတယ်။ အနာဂတ်ရဲ့ HRဦးဆောင်သူများအနေနဲ့ တက်မြောက်သင့်တဲ့ ကျွမ်းကျင်မှုတွေကတော့ အဖွဲ့အစည်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ အမျိုးမျိုး၊ ကျစ်လစ်သော စီမံခန့်ခွဲမှု၊ စီးပွါးရေး စီမံအုပ်ချုပ်ပုံ၊ လူ့စွမ်းအားလည်ပတ်မှုပုံစံများကို ခေတ်နဲ့ လိုက်လျောညီထွေစွာ နားလည် တတ်ကျွမ်းဖို့ဖြစ်ပါတယ်။
လက်ရှိမှာ လုပ်ငန်း အဖွဲ့အစည်းများရဲ့ HR ဦးဆောင်နေသူများ
နှင့် HRနယ်ပယ်ထဲမှာ မိမိရဲ့ HRတတ်ကျွမ်းမှုကို
အဆင်မြှင့်တင်ဖို့ ကြိုးစားနေသော HR Professionals များအတွက် Panellist Business Services ရဲ့
Certified HR Professional (Certification Exam)က လူကြီးမင်းရဲ့ Professional HR Career အတွက်ကို အကျိုးများစွာရှိစေပါတယ်။
Eligibility
- HR Diploma with at least 3 years of HR Exprience
- Degree in Non-HR Discipline with at least 3 years of HR Experience
- Degree in HR Discipline with at least 2 years of HR Experience
This Certification is designed for HR professionals who are engaged primarily in supervisory roles—implementing and strategically developing policies and strategies, serving as the HR point of contact for staff and stakeholders, and performing or overseeing day-to-day HR operations, analyzing performance metrics, or contributing to the alignment of HR strategies to organizational goals.
Competency Assessment
Knowledge + Behavior = Success
Assessment includes -
Behavioral competency clusters - 50%
HR Knowledge Domains - 50%
Exam Preparation
Online Learning.
12 Months Access to the online learning platform.
6 Modules + 1 Pre-Test
23 video lessons + quizzes
ဒီစာမေးပွဲကနေ လူကြီးမင်းရဲ့ HR တက်ကျွမ်းမှုသာမက လုပ်ငန်းအဖွဲ့အစည်းရဲ့ တိုးတက်မှုအတွက် အကျိုးပြုစေတဲ့ HRဗျူဟာများကို ရေးဆွဲအကောင်အထည်ဖော်လာနိုင်မယ့်အပြင် လုပ်ငန်းရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ HRကဏ္ဍအနေနဲ့ ပါဝင်အားဖြည့်လာနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် မိမိရဲ့ HRဌာနအတွင်းထဲမှာရှိတဲ့ HRအဖွဲ့သားများအားလုံးကိုလည်း သူတို့ရဲ့ လုပ်ဆောင်မှုစွမ်းရည်နဲ့ HRနယ်ပယ်တတ်ကျွမ်းမှု တိုးတက်လာပြီး တာဝန်တွေကို အကောင်းဆုံးထမ်းဆောင်လာနိုင်စေဖို့ ထိထိရောက်ရောက် စီမံအုပ်ချုပ်လာနိုင်မှာဖြစ်ပါတယ်။
ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများမှာ ရင်ဆိုင်ဖြေရှင်းခဲ့ကြရတဲ့ HR Case Studies များကိုလေ့လာသင်ယူခြင်းဖြင့် မိမိအဖွဲ့အစည်းအတွက် ရလာဒ်ကောင်းတွေရရှိလာအောင် ဦးဆောင်လမ်းပြပေးနိုင်သော HR Leader အနေဖြင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာမည့်အပြင် မိမိအဖွဲ့အစည်းအတွင်းမှာရှိသော ဝန်ထမ်းများအတွက် ပိုမိုအကျိုးရှိပြီး ပိုမိုပျော်ရွှင်စရာကောင်းသာ အလုပ်ခွင်ကိုပါ ဖန်းတီးလာနိုင်မှာပဲဖြစ်ပါတယ်။
အဖွဲ့အစည်းကို ဦးဆောင်နိုင်သော၊ ကောင်းသောလွှမ်းမိုးမှုများနှင့် လက်တွေ့ကျသော HR Leader ကောင်းတစ်ယောက်ဖြစ်လာစေဖို့ Panellist Business Services ရဲ့ Certified HR Professionals (Certification Exam) ဖြင့် လူကြီးမင်းရဲ့ HRနှင့် Leadership Skill များကို မြှင့်တင်လိုက်ပါ။
Exam Preparation Training Curriculum
မကြာခဏမေးလေ့ရှိသော မေးခွန်းများ
(၁) ဘာကြောင့် Certified HR Professional (Certification Exam) ကိုစာရင်းပေးတက်ရောက်သင့်တာလဲ?
မဟာဗျူဟာမြောက်ပြီး စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်နိုင်သော HRဌာတစ်ခုဖြစ်ဖို့အတွက် လုပ်ငန်းအဖွဲ့အစည်းတွေက မျိုးဆက်သစ် HR Leader များလိုအပ်ပါတယ်။ ယနေ့ခေတ်ရဲ့ HR Leader များအနေနဲ့ HR Function များကိုသိရှိနားလည်ရုံတင်မက မိမိလုပ်ငန်းအဖွဲ့အစည်းရဲ့ လည်ပတ်ပုံ၊ ဖွဲ့စည်းပုံ၊ ရေရှည်ဦးတည်ချက်တွေကို ထဲထဲဝင်ဝင် နားလည်ပြီးမှ ထိရောက်မှုရှိတဲ့ HRလုပ်ဆောင်မှုတွေကို အကောင်အထည်ဖော်ပေးနိုင်မှသာ လုပ်ငန်းတစ်ခုရဲ့ ဦးဆောင်နိုင်စွမ်းရှိပြီး အင်အားတောင့်တင်းတဲ့ HRဌာနကို ဖွဲ့စည်းတည်ဆောက် စီမံအုပ်ချုပ်နိုင်မှာဖြစ်ပါတယ်။
(၂) Certification Exam ဆိုတာဘာလဲ? HR Certificate နဲ့ ဘာကွာတာလဲ?
HR Certificate ဆိုတာက HR နဲ့ ပတ်သက်တဲ့ သင်တန်းတွေကို ပြီးမြောက်ထားကြောင်း အထောက်အထားတစ်ခုဖြစ်ပြီး HR Certification ဆိုတာကတော့ HR ပညာရပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုဖို့ လိုအပ်တဲ့ အရည်အချင်းတွေပြည့်မီပြီး ကျွမ်းကျင်ပညာရှင် တစ်ယောက်ဆိုတာ သတ်မှတ်ပေးထားတဲ့ လတ်မှတ် တစ်ခုပဲ ဖြစ်ပါတယ်။
(၃) စာမေးပွဲဖြေဖို့ ဘာတွေလေ့လာရမလဲ? ဘယ်လိုလေ့လာရမလဲ?
စာမေးပွဲအတွက် Behavioral Competency Cluster နှင့် HR Knowledge Domains ကဏ္ဍနှစ်ခုကို အဓိကလေ့လာရမှာဖြစ်ပါတယ်။ ကဏ္ဍနှစ်ခုလုံးမှာပါဝင်တဲ့ အကြောင်းအရာများကို Chapter အလိုက် Video များဖြင့် အသေးစိတ် ရှင်းပြထားပေးပါတယ်။ စာရင်းပေးသွင်းထားသော Participants များအနေနဲ့ Videoများကို Panellist Business Servicesရဲ့ Onlineportal မှာ Log In ဝင်ပြီးလေ့လာသင်ယူနိုင်ပါတယ်။
(၄) Certified HR Professionals စာမေးပွဲက HR Professionals တွေအတွက် ဘာအကျိုးသက်ရောက်မှုတွေရှိလဲ?
Certified လက်မှတ်ကို အောင်မြင်စွာ ရရှိစေဖို့အတွက် စာမေးပွဲအတွက် ပြင်ဆင်လေ့လာရမယ့် အကြောင်းအရာများကို Traning Videoများဖြင့် အသေးစိတ်ပြသပေးထားပါတယ်။ Training Videoများထဲမှာ HRနှင့်ပတ်သတ်သော Researchများ၊ သက်သေရှိပြီးဖြစ်သော HR Theoryများ၊ ယနေ့ခေတ်ကာလမှာ လက်တွေ့ အသုံးချနေသော HR Leading Models များကို သင်ကြားရမှာဖြစ်တဲ့အတွက်ကြောင့် HRရဲ့ ခိုင်မာသောအခြေခံ အုတ်မြစ်တစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ သင်ခန်းစာများမှ သင်ယူရရှိလာသော အသိပညာများကို လက်တွေမှာ အသုံးပြုနိုင်စေရန် HR Case Studies များကိုလည်း ထည့်သွင်းထားပြီး ပြည်တွင်းပြည်ပ လုပ်ငန်းခွင် ရင်ဆိုင်ကြုံတွေ့ရတဲ့ ဝန်ထမ်းရေးရာ သာဓကများစွာကို လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။
(၅) ပုံသေအချိန်ဇယားနဲ့တက်ရတာလား?
၁၀၀% Online ဖြစ်တဲ့အတွက်ကြောင့် ကြိုက်နှစ်သက်ရာအချိန်မှာ Panellist Business Services ရဲ့ Online Portal ကနေ Log In ဝင်နိုင်ပါတယ်။
(၆) Online မှာသင်ပေးတဲ့ သင်ခန်းစာတွေကို ဝင်ရောက်လေ့လာဖို့ အချိန်အကန့်အသက်ရှိပါလား?
Online သင်ခန်းစာများအားလုံးကို စာရင်းပေးသွင်းသည့် နေ့မှစတင်ပြီး ၁၂လအထိလေ့လာနိုင်ပါတယ်။ ပျမ်းမျှအားဖြင့် Certified HR Professional စာမေးပွဲဖြေဆိုသူများသည် အချိန်ကာလ ၃လမှ ၄လအတွင်း လေ့လာသင်ယူ ပြင်ဆင်ကြပါတယ်။
(၇) စာမေးပွဲက ဘယ်အချိန်ဖြေရတာလဲ?
စာမေးပွဲကို တစ်နှစ် ၃ကြိမ်ပြုလုပ်မှာဖြစ်ပါတယ်။
January, May, September များမှာပြုလုပ်မှာဖြစ်ပြီး စာမေးပွဲဖြေဆိုရမည့် နေ့ရက်၊ အချိန်နှင့်နေရာများကို Panellist Business Services ရဲ့ Teamကနေ အနည်းဆုံး ၂လကြိုတင် အသိပေးမှာဖြစ်ပါတယ်။
(၈) စာမေးပွဲမှာ ဘာအကြောင်းအရာတွေမေးမှာလဲ? ဘယ်လိုပုံစံနဲ့ ဖြေရတာလဲ?
စာမေးပွဲမှာ Behavioral Competency Cluster 50%နှင့် HR Knowledge Domain 50% စစ်ဆေးမှာဖြစ်ပါတယ်။
Multiple Choice များနှင့် Case Study essayများပါဝင်မှာဖြစ်ပါတယ်။
စာမေးပွဲဖြေဆိုပြီး ၂ပတ်မှာ အောင်စာရင်းထွက်မှာဖြစ်ပြီး အောင်လက်မှတ်များကို တစ်လအတွင်း ပေးပို့ပေးမှာဖြစ်ပါတယ်။
Certification များတွင် Panellist Business Services နှင့် Training Vision Institute (Singapore), SAB (Singapore) များမှာ အသိအမှတ်ပြုလက်မှတ်များ ပါဝင်မှာဖြစ်ပါတယ်။
(၉) စာမေးပွဲကျရင်ရော Online Videoတွေအတွက် သင်တန်းကြေးပြန်သွင်းစရာလိုပါလား?
Online Portal accessကို ၁၂လ ရရှိမှာဖြစ်တဲ့အတွက်ကြောင့် ထို ၁၂လတာကာလအတွင်း စာမေးပွဲမအောင်မြင်ခဲ့ပါက သင်တန်းကြေးထပ်မံပေးသွင်းစရာမလိုပါ။ စာမေးပွဲကြေးသာ ထပ်မံပေးသွင်းရမှာဖြစ်ပါတယ်။
(၁၀) Certified HR Professional (Certification Exam)ကိုဘယ်သူတွေဖြေဆိုသင့်ပါလဲ?
လက်ရှိမှာ HRဌာနကို ဦးဆောင်နေသူများ၊ HRနယ်ပယ်ထဲမှာ အောင်မြင်သော Professional တစ်ယောက် အနေဖြင့် ရပ်တည်ချင်သူများ၊ HR Mid Career ကနေ တစ်ဆင်တက်ဖို့ ကြိုစားနေကြသူများအနေနဲ့ မိမိရဲ့ အရည်အချင်းနှင့် ကျွမ်းကျင်မှုများကို ပညာရှင်အဆင့်ကို မြှင့်တင်ရန်နှင့် စံနှုန်းပြည့်မီကြောင်း သက်သေပြသနိုင်တဲ့ လက်မှတ်ဖြစ်တဲ့အတွက်ကြောင့် ဖြေဆိုသင့်တဲ့ စာမေးပွဲဖြစ်ပါတယ်။